top of page

Anti-Human Trafficking Awareness Course

  • 23 Steps
Get a certificate by completing the program.
Everyone who has completed all steps in the program will get a badge.

About

Human Trafficking Prevention Course လူကုန်ကူးမှုမှ ကာကွယ်တားဆီးရေး သင်တန်း This course helps young people understand human trafficking, stay safe, protect others, and seek help. It is designed for migrant and border-area youth aged 15–24 living along the Thailand–Myanmar border. The course is delivered in Burmese with English subtitles. By the end of the course, learners will be able to: Explain human trafficking using the Act–Means–Purpose model. Identify trafficking risks, recruitment tricks, and online scams. Understand the difference between trafficking, smuggling, and migration. Know their basic rights under international and Thai law. Identify safe ways to report and seek help: 1300, 1191, 191, Protect-U App, and trusted NGOs. Develop a Safe Migration Plan and support others safely. Explain the main steps of Thailand’s National Referral Mechanism (NRM). ဤသင်တန်းသည် လူငယ်များအနေဖြင့် လူကုန်ကူးမှုကို နားလည်သိရှိရန်၊ အန္တရာယ်မှ ကာကွယ်ရန်နှင့် လုံခြုံစွာ အကူအညီရယူနိုင်ရန် ရည်ရွယ်ပါသည်။ ထိုင်း–မြန်မာနယ်စပ်ဒေသရှိ အသက် ၁၅–၂၄ နှစ်အရွယ် ရွှေ့ပြောင်းလူငယ်များနှင့် နယ်စပ်ဒေသလူငယ်များ အတွက် ရည်ရွယ်ပြီး မြန်မာဘာသာဖြင့် သင်ကြားကာ အင်္ဂလိပ်စာတန်းထိုး ပါဝင်ပါသည်။ သင်တန်းပြီးဆုံးပါက သင်တန်းသားများသည် — လုပ်ဆောင်ချက်–နည်းလမ်း–ရည်ရွယ်ချက် (Act–Means–Purpose) ပုံစံဖြင့် လူကုန်ကူးမှုကို ရှင်းပြနိုင်မည်။ လူကုန်ကူးမှုအန္တရာယ်၊ လူစုဆောင်းသည့် လှည့်ကွက်များနှင့် အွန်လိုင်းလိမ်လည်မှုများကို သိရှိနိုင်မည်။ လူကုန်ကူးမှု၊ လူမှောင်ခိုကူးမှုနှင့် ရွှေ့ပြောင်းသွားလာမှု တို့၏ ကွာခြားချက်ကို နားလည်နိုင်မည်။ နိုင်ငံတကာနှင့် ထိုင်းဥပဒေအရ အခြေခံအခွင့်အရေးများ ကို သိရှိနိုင်မည်။ အကူအညီတောင်းခံရန် 1300၊ 1191၊ 191၊ Protect-U App နှင့် ယုံကြည်ရသော NGO များ ကို အသုံးပြုနိုင်မည်။ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာရေးအစီအစဉ် (Safe Migration Plan) ရေးဆွဲနိုင်မည်။ ထိုင်းနိုင်ငံ၏ အမျိုးသားအဆင့် လွှဲပြောင်းညွှန်းပို့ရေးစနစ် (NRM) ၏ အဓိကအဆင့်များကို ရှင်းပြနိုင်မည်။

You can also join this program via the mobile app. Go to the app

Instructors

Price

Free

Share

bottom of page