top of page

Phon Chai

  • Writer: RaysOfYouth Roy
    RaysOfYouth Roy
  • Dec 12
  • 1 min read

VET Batch - 3

Joined Rays of Youth in 2024


ree

“အမြဲလေ့လာသင်ယူပါ၊ ပြီးတော့ သင်လုပ်သမျှ အရာရာတိုင်းမှာ ကြင်နာတတ်သူ ဖြစ်ပါစေ”


မဲဆောက်ရှိ ရွှေ့ပြောင်းအသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ ဖုန်းချိုင်းဟာ ဓာတ်ပုံပညာအပေါ်မှာ အမြဲတမ်း စိတ်အားထက်သန်မှု ရှိခဲ့ပါတယ်။ မှန်ဘီလူး (lens) ကနေတစ်ဆင့် အခိုက်အတန့်တွေကို မှတ်တမ်းတင်ရတာက သူ့ကို ပျော်ရွှင်မှုနဲ့ ရည်ရွယ်ချက်ရှိမှုစတဲ့ ခံစားချက်ကို ယူဆောင်ပေးခဲ့ပါတယ်။ သို့သော်လည်း ဒီစိတ်အားထက်သန်မှုကို အလုပ်အကိုင်အဖြစ် ပြောင်းလဲဖို့ဆိုတာ ဝေးကွာတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ Rays of Youth အသက်မွေးဝမ်းကျောင်းပညာ သင်တန်းအစီအစဉ်အောက်က မီဒီယာသင်တန်း (Batch-3) ကို သူ ဝင်ရောက်ခဲ့တဲ့အခါ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီသင်တန်းက သူ့ကို ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများ၊ လက်တွေ့အတွေ့အကြုံများနဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ယုံကြည်မှုတို့ကို ပေးခဲ့ပါတယ်။

သူရရှိခဲ့တဲ့ အသိပညာနဲ့ သင်တန်းတွေကြောင့် ဖုန်းချိုင်းဟာ Play Book Foundation မှာ ဓာတ်ပုံဆရာ ရာထူးကို ရရှိခဲ့သလို၊ (freelance) ဓာတ်ပုံဆရာအဖြစ်နဲ့ပါ အလုပ်လုပ်ကိုင်နေပါတယ်။ နေ့တိုင်းမှာ သူဟာ သင်ယူခဲ့တဲ့ ကျွမ်းကျင်မှုတွေကို အသုံးချရင်း သူ့ရဲ့ အနုပညာကို မြှင့်တင်ကာ ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ကြီးထွားလာနေပါတယ်။ လက်ရှိမှာ သူကိုယ်တိုင် ရှာဖွေရရှိတဲ့ ဝင်ငွေနဲ့ မိသားစုကို ထောက်ပံ့ပေးနိုင်နေပါပြီ။ ဒါကြောင့် ဖုန်းချိုင်းရဲ့ မိခင်ဟာ သူ့သား ဒီလို ကြီးမားတဲ့ အောင်မြင်မှုကို ရရှိအောင် ပံ့ပိုးပေးခဲ့တဲ့ Rays of Youth နဲ့ လှူဒါန်းသူများကို အမြဲတမ်း ကျေးဇူးတင်ရှိနေပါတယ်။ စိတ်အားထက်သန်တဲ့ ဓာတ်ပုံဆရာတစ်ဦးဘဝကနေ အလုပ်လုပ်နေတဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် သူ့ရဲ့ ခရီးလမ်းဟာ သူ့ရဲ့ ဇွဲလုံ့လနဲ့ အသက်မွေးဝမ်းကျောင်းပညာရဲ့ သက်ရောက်မှုကို သက်သေပြနေပါတယ်။

ဆက်လက်ပြီး ဖုန်းချိုင်းရဲ့ အဓိက ပန်းတိုင်ကတော့ သူ့ရဲ့ ကိုယ်ပိုင် ဓာတ်ပုံစတူဒီယိုကို တည်ထောင်ဖို့ပဲ ဖြစ်ပါတယ်။ သူရဲ့ ခရီးလမ်းတစ်လျှောက်လုံးမှာ ပံ့ပိုးလမ်းညွှန်ပေးခဲ့တဲ့ ဆရာတွေနဲ့ လှူဒါန်းသူများကို သူဟာ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရှိပါတယ်။ သူတို့ရဲ့ အားပေးမှုကြောင့် သူဟာ အခုအခါမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး တစ်ချိန်က အိပ်မက်သာ မက်ခဲ့ရတဲ့ အနာဂတ်ကို တည်ဆောက်နေပါတယ်။ သူရဲ့ဘဝဟာ ပညာရေးနဲ့ အခွင့်အလမ်းက ဘဝတွေကို ဘယ်လို ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ အားကောင်းတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။



Comments


ROY Academy is an online learning platform offered by the Rays of Youth program. It provides free courses for migrant youth a

093-317-3140

203 Moo-2, Mae Pa, 

Mae Sot, Tak 63110

Thailand

  • Facebook
  • Instagram
  • TikTok
  • Youtube

Contact Us

203 Moo-2, Mae Pa, Mae Sot, Tak 63110

raysofyouth@gmail.com  |  Tel: 093-317-3140

Thanks for submitting!

Donate now

Help us make a difference

Donation
฿

© 2025 by Rays of Youth

bottom of page